Death Cab (2020)

ဒီကားကတော့ ၂၀၁၉ ခုနှစ်ကရိုက်ကူးခဲ့ပြီး၂၀၂၀ အစောပိုင်းမှာ ကိုရီးယားမှာထုတ်လွှင့်ပြသခဲ့တဲ့Thriller အမျိုးအစားကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ညဖက်တွေဆိုတက္ကစီသမားတစ်ယောက်က ခရီးသည်တွေကို
၃၁ လမ်းဆိုတဲ့နေရာကို ခေါ်သွားပြီးပြန်ပေးဆွဲပြီးသတ်ပစ်တတ်တယ်ဆိုတဲ့သတင်းစကားတွေက ဂျီဟုန်းအထက်တန်းကျောင်းလေးမှာပျံ့နေပါတယ်။အဲ့ကျောင်းမှာလျှို့ဝှက်သည်းဖိုတွေဆို စုံစမ်းချင်တတ်ကြတဲ့ဆယ်ကျော်သက် Youtuber အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။ယောင်းဂျောင်း၊ဂျင်းဂီနဲ့ လီဆွန်းဆိုတဲ့ကောင်မလေး၂ယောက်၊ကောင်လေး ၁ ယောက်ပါတဲ့ အဖွဲ့လေးပေါ့။သူတို့ကဒီတက္ကစီလူသတ်သမားကို အရမ်းစိတ်ဝင်စားပြီးစုံစမ်းချင်နေကြတယ်။အဓိကကတော့သူတို့ Youtube Channel မှာဒီလူသတ်မှုအကြောင်းကို အခင်းဖြစ်ရာအထိသွားစုံစမ်းပြီး ဖြစ်ရပ်မှန်အနေနဲ့ လူကြည့်များအောင် တင်ချင်တာပေါ့။သူတို့လျှို့ဝှက်စုံစမ်းမှာကို သိသွားတဲ့ သူတို့ဆရာမကလည်းဒီအကြောင်းအရာတွေစုံစမ်းတဲ့အခါ အုပ်ထိန်းသူရှိဖို့လိုအပ်လို့သူတို့နဲ့အတူ လိုက်လာဖို့ဖြစ်လာခဲ့တယ်။အဲ့လိုလေးယောက်သားအခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းကြတဲ့အခါမှာတော့ မထင်မှတ်ထားတာတွေ၊ထူးဆန်းအံ့သြဖွယ်ရာတွေစပြီးဖြစ်လာပါတော့တယ်။သူတို့ ဘယ်လိုအံ့သြစရာတွေကြုံရမလဲ၊တက္ကစီလူသတ်သမားကကောတကယ်ရှိတာလား၊နောက်ဆုံးဘယ်လိုဖြစ်လာမလဲဆိုတာတော့CM ပရိတ်သတ်ကြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ်။ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့Moe Pwint ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်

https://drive.google.com/file/d/1opE8oB0xOPKDNmVBK73XlkNw8Tf5b2kM/view

https://drive.google.com/file/d/1opE8oB0xOPKDNmVBK73XlkNw8Tf5b2kM/view


https://drive.google.com/file/d/1opE8oB0xOPKDNmVBK73XlkNw8Tf5b2kM/view

Post a Comment

0 Comments