Foxtrot Six(2019)

အင်ဒိုနီရှား ဇာတ်ကားတွေကို မကြည့်ဖြစ်တာများပေးမယ့် ဒီဇာတ်ကားကိုတော့ အထင်ကြီးမိပါတယ် ရုပ်ရှင်အတွင်းအသုံးပြုခဲ့တဲ့ နည်းပညာတွေ စစ်ဝတ်စုံဒီဇိုင်းတွေက ပုံမှန်စစ်ကားတွေမှာသုံးတဲ့ ဝတ်စုံဒီဇိုင်းနဲ့နည်းနည်းကွာခြားနေပါတယ် Sci-fi ပိုင်းတွေပါပေမယ့်effect တွေကိုလွန်ရောကျွံရော သုံးထားတာမဟုတ်တဲ့အချက်ကလည်းဒီဇာတ်ကားရဲ့ဆွဲဆောင်မှုထဲကတစ်ခုလို့ထင်မြင်မိပါတယ်
ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက တော့ The Raid ဇာက်ကားမှာ Eka အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား OKA ANTARA ကအဓိကဇာတ်ရုပ်အဖြစ်ပါဝင်ထားပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးမင်သမီးချောလေး AURELIE MOEREMANS ကလည်းပါဝင်အားဖြည့်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းက တော့ ၂၀၃၁ ကိုအခြေခံထားပြီး တစ်ကမ္ဘာလုံး အစာငတ်မှုဘေးနဲ့ ကြုံတွေ့နေရပါတယ် အင်ဒိုနီရှား လူငယ်သမ္မတလေးဟာ သူ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အစားအသောက်ခြင်းကြီး တစ်နည်း ထုတ်လုပ်တဲ့နေရာဖြစ်ရမယ်ကြွေးကြော်ခဲ့ပေမယ့် အာဏာရှိလူထုတစ်သိုက်ကြောင့် နေရာဖယ်ပေးခဲ့ပါတယ် အစာငတ်မွတ်မှု အစိုးရရဲ့နှိပ်စက်မှုတွေကြောင့် ပြည်သူလူထုရဲ့ အယုံအကြည်ယုတ်လျော့လာချိန်မှာတော့ THE REFORM ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူတွေကို အစားအစာလုံလောက်ပေးမယ်လို့စည်းရုံးမှုကြောင့်အားကောင်းလာခဲ့ပါတယ် အဲ့အချိန်မှာ စစ်အရာရှိဝန်ထမ်းဟောင်း အယ်လ်တီဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုပြန်ရဖို့ သမ္မတဆီကို အစီအစဉ်တစ်ခုတင်ပြခဲ့ပါတယ်ဒါပေမယ့် အစီအစဉ်ကိုလက်ခံပေးမယ့်လည်း ဝီစနု ဆိုတဲ့ လူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့အမိန့်ချခဲ့ပါတယ် ဝီစနု ဟာ အယ်လ်တီအစီအစဉ်ကိုဖျက်ပြီး သမ္မတအဖွဲ့နဲ့အတူ လူအချင်းချင်းသတ်ဖြတ်အောင် လူမျိုးတုန်းသတ်ဖြတ်အောင် စီစဉ်ခဲ့ပါတယ် အဲ့အစီအစဉ်ကိုသိသွားတဲ့ အယ်လ်တီ ဟာ The Reform အဖွဲ့နဲ့အတူ ဘယ်လိုတားဆီးမလဲ ဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါပြီး Action စစ်ကားကြိုက်တဲ့သူတွေအတွက်ကတော့လုံးဝကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်….

https://drive.google.com/file/d/1PlbWUWeV2rzLI8sfmKQ7DEhE7lyz_0ky/view

https://drive.google.com/file/d/1PlbWUWeV2rzLI8sfmKQ7DEhE7lyz_0ky/view

https://drive.google.com/file/d/1PlbWUWeV2rzLI8sfmKQ7DEhE7lyz_0ky/view

Post a Comment

0 Comments