ဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၉၆၈ နဲ့ ၁၉၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီး
ရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပါတယ်။cast နာမည်နဲ့တင် ဖျားလောက်စရာကောင်းသလိုအော်စကာ ၆ ဆု ဆန်ကာတင်တာလည်းလွန်တယ်မထင်ပါဘူး။ဒါလေး ဘာသာပြန်တင်ပေးခွင့်ရတာ ဝမ်းသာပါတယ်။ကြိုက်တတ်တဲ့သူတွေ အားပေးနိုင်ပါပြီ။
https://drive.google.com/file/d/1_gsHeAyAAhDgAuyWgM5N6_pgxrhWKRql/view
https://drive.google.com/file/d/1_gsHeAyAAhDgAuyWgM5N6_pgxrhWKRql/view
https://drive.google.com/file/d/1_gsHeAyAAhDgAuyWgM5N6_pgxrhWKRql/view

0 Comments