ဒီတစ်ခါတော ထိုင်းသရဲအချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ခုနောက်ပိုင်း ထိုင်းကားတွေကတော်တော်လေး အဆင့်အတန်းရှိလာတာကို တွေ့ရပါတယ်။ဒီကားလေးကလည်း တော်တော်ကောင်းတဲ့ကားလေးပါ။IMDB 5.5 ရထားတဲ့ ဇာတ်လမ်းလေးပါ။
အချစ်မိုးတွေရွာတဲ့တစ်နေ့မှာ တို့တွေတွေ့ခဲ့ကြတယ်…..မိုးခိုရင်း စခဲ့တဲ့ ဇာတ်လမ်းလေး….Gab ဟာ နယ်ကနေ ကျောင်းလာတက်တဲ့ကောင်လေးတစ်ယောက်ပါ။ဒါပေမယ့် သူက အသုံးအဖြုန်းကြီးလွန်းတာကြောင့် အိမ်က သူ့ကို ပိုက်ဆံမထောက်ပံ့တော့ပါဘူး။Gab မှာ ကျောင်းစားရိတ်တွေ ပေးဖို့ကလည်း လိုလာပါပြီ။ဒီတော့ Gab တစ်ယောက် အလုပ်ရှာရပါပြီ။ရမယ့်ရတော့လည်း စတိုးဆိုင်လေးတစ်ဆိုင်မှာ ရပါတယ်။တစ်နေ့ Gab တစ်ယောက်ထဲ စတိုးဆိုင်မှာ ကျန်ခဲ့ရာကနေ ဇာတ်လမ်းက စပါတော့တယ်။အဲ့ဒီနေ့က မိုးတွေရွာတာပေါ့။ကောင်မလေးတစ်ယောက်က အပြင်မှာမိုးတွေစိုနေလို့ အမြင်မတော်လို့ ဖိတ်ခေါ်မိရာကနေ သူ့ဘဝထဲကိုအဲ့ကောင်မလေးရောက်လာခဲ့တော့တာပါ။တကယ်တော့ ကောင်မလေးက လူမဟုတ်ဘဲ သရဲမလေးဖြစ်နေတာပါ။(သရဲမလေးကလည်း ချောချောလေးနော့)ကောင်မလေးက ဆိုင်မှာတင်မဟုတ်ဘဲ သူ့အိမ်ထိ လိုက်လာခဲ့တဲ့အခါ….သူ့နားက တစ်ဖဝါးမှမခွာဘဲ သူ့နောက် တကောက်ကောက် လိုက်နေခဲ့တဲ့အခါ….အဲ့ကောင်မလေးက ဘယ်သူလဲ? ဘယ်ကလဲ? ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ?Gab တစ်ယောက် အဖြေရှာကြည့်ပါတော့တယ်။သရဲကြောက်တဲ့ Gab ကောင်မလေးကိုရော….ကြောက်သေးလား?(ကျွန်တော်သာဆို ကြောက်မှာမဟုတ်ဘူး) အဖြေရော ရှာတွေ့မှာလား?သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးရော ဘယ်လိုအဆုံးသတ်ကြမှာလဲ?အချစ်ကားပဲကြည့်ချင် ကြည့်ချင် …..သရဲကားပဲ ကြည့်ချင် ကြည့်ချင် …..ဟာသကားပဲ ကြည့်ချင် ကြည့်ချင် …..ဒီကားလေးကို ကြည့်ဖို့ လက်တို့လိုက်ပါရစေ။နောင်တမရစေရပါဘူး လို့ အာမခံပါတယ်ဗျာ။
https://drive.google.com/file/d/14XzGhbjwFv8U_SlyBkNLhLC9oNt1kX67/view
https://drive.google.com/file/d/14XzGhbjwFv8U_SlyBkNLhLC9oNt1kX67/view
https://drive.google.com/file/d/14XzGhbjwFv8U_SlyBkNLhLC9oNt1kX67/view

0 Comments