ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့နီကျား ဆိုတဲ့ မီးခြေနင်း စီးပြီး မီးလှံ ကိုင်တဲ့ကြာဖူးနတ်သား ကို မှတ်မိကြသေးလား၂၀၁၉ ခုနှစ်မှာပဲ Ne Zha ဆိုတဲ့ Animation ရုပ်ရှင်ကားကိုတရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်…
တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်ငယ်ငယ်က ကြည့်ဖူးတဲ့ နီကျား နဲ့ ဇတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့ထင်ရပေမဲ့ ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလိုဒီဇတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ်Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ်Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက်ပါလှပသေသပ်လွန်းပါတယ်ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ်ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကိုအလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီးမိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီးဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကိုထိန်းသိမ်းစေခဲ့တယ်….သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီကိုယ်ဝန်မှာ ဝင်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ်ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့်သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ်သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ ကစစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်…မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ“နီကျား ” ဖြစ်ပါတယ်…ကဲ CM Fan တို့ ရေ Ne Zha ရုပ်ရှင်ဟာ WEB-DL အနေနဲ့ထွက်ရှိလာပြီး စာဖိုင် မမှန်သေးပေမဲ့ ဘာသာပြန်Nay Chii က ကြိုးစားဘာသာပြန်ပေးထားပြီးCM Admin ဖြစ်သူ Moe Myint Lwin မှ Encode ၍တင်ဆက်ပေးထားပါတယ်အညွှန်းကိုတော့ Thit San Khant မှ ရေးပေးထားပါတယ်Sunday Night မှာ အကောင်းဆုံးရုပ်ရှင်ကို ကြည့်ရှုလိုက်ကြပါ
https://drive.google.com/file/d/1Rq8SK757abLo0Q6sH92Z4_z2ScDp4HZm/view
https://drive.google.com/file/d/1Rq8SK757abLo0Q6sH92Z4_z2ScDp4HZm/view
https://drive.google.com/file/d/1Rq8SK757abLo0Q6sH92Z4_z2ScDp4HZm/view

0 Comments