System Crasher (2020)

ဒီ System Crasher ဂျာမန်လို system sprenger ဆိုတဲ့ကားလေးIMDB မှာဆို 8.0 နဲ့ Rotten Tomatoes မှာဆိုရင် 92%ထိ ရထားတဲ့ ဂျာမန်ကားလေး။ဆုတွေလည်း အများကြီးရထားတယ်။ဇာတ်လမ်းအကြောင်းမပြောခင် ဒါရိုက်တာ အကြောင်းလေးကနေ စပြောလိုက်အုံးမယ်။ဒါရိုက်တာက Nora Fingscheidt တဲ့။
သူက ဂျာမန်အမျိုးသမီး အသက်ကလည်း 37လောက်ပဲ ရှိသေးတယ်။ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်။အရင်က သူက Documentary တွေပဲရိုက်တာ။ဇာတ်လမ်းကလည်းသူက ပြဿနာကလေးတွေအကြောင်းဂျာမန်က ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ဂေဟာတွေစိတ်ရောဂါကုတဲ့ နေရာတွေမှာ သူတို့အချင်းချင်း ဘယ်လိုပြောတယ်ကလေးတွေကို ဘယ်လိုစောင့်ရှောက်တယ်ဆိုတာကိုသိချင်လို့ လေ့လာရင်းနဲ့ နေရာအများကြီးပြောင်းရတဲ့ကောင်လေးတယောက်ကိုသတိထားမိပြီး ဒီဇာတ်လမ်းလေးဖြစ်လာတယ်။System Crasher ဆိုတာက Menno Baumann က စသုံးခဲ့ပြီးအစကတော့ ပညာရှင်အသိုင်းအဝိုင်းကြားမှာပဲ သုံးပေမယ့်အခုအခါမှာတော့ ဂျာမန်ကလေးစောင့်ရှောက်မှု စနစ်မှာ သုံးတဲ့စကားဖြစ်လာတယ်။အဲဒါကြောင့် ဇာတ်ကားရဲ့နာမည် System Crasher စနစ်ကို ဖျက်စီးသူ လို့သူက နာမည်ပေးခဲ့ပေမယ့် အဲနာမည်ကတကယ့် ပြဿနာကိုတိတိကျကျဖော်ပြနိုင်တဲ့စကားမဟုတ်လို့ သူသိပ်အားမရဘူးလို့လည်း ဆိုတယ်။ကလေးက စနစ်ကို မဖျက်စီးပါဘူးတဲ့။ဘာလို့လဲဆိုတော့ စနစ်က ဆက်လက်တည်ရှိနေတာပဲလေတဲ့။စနစ်က တချို့ကလေးတွေကိုမကာကွယ်နိုင်တာထက်ပိုတဲ့အခါမှာရလာဒ်အနေနဲ့ ဆိုးရွားတဲ့လမ်းကြောင်းပေါ်ကို ရောက်သွားစေတယ်တဲ့။အဲလိုပြောလို့ ဂျာမန်က ကလေးသူငယ်စောင့်ရှောက်ရေးစနစ်တွေကအသုံးမကျဘူးလို့တော့ မထင်လိုက်နဲ့အုံး။ဂျာမနီ က ပြဿနာရှိတဲ့ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ ပညာရေး ၊အလုပ်ရနှုန်းတွေက ကျန်နဲ့နိုင်ငံတွေနဲ့ ယှဉ်ရင် အမြင့်ဆုံးဆိုတဲ့အထဲမှာပါတယ်။ပြောရရင် အင်္ဂလန်ထက် ပိုမြင့်တဲ့အထဲမှာ ပါတယ်။ပြောချင်တာက အဲလောက်ထိမြင့်တဲ့ထဲမှာ ပါတာတောင်ပြဿနာကလေးတွေနဲ့ ဆက်ဆံရတဲ့အခါ စနစ်ဘယ်လောက်ကောင်းကောင်းသူ့ပြဿနာနဲ့သူ ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။ဇာတ်လမ်းကတော့ ရှင်းရှင်းလေးပါပဲ။အသက် 9 နှစ်ပဲ ရှိသေးတဲ့ ကလေးမလေး။ငယ်စဉ်က စိတ်ဒဏ်ရာရထားတဲ့အတွက် ပြဿနာကလေးလေး တယောက်ဖြစ်လာပြီးသူ့အမေက ကလေးသူငယ်စောင့်ရှောက်ရေးဆီကို ပို့ထားတယ်။ကလေးဆိုးမှ ကလေးဆိုးလေး အစစ်။ ဆဲတယ် စကားနားမထောင်ဘူး။နောက် သူ့ စိတ်ဒဏ်ရာကို ဆွသလိုဖြစ်ပေးတဲ့တခုကို လုပ်လိုက်မိရင်ကြောက်လန့်ဒေါသထွက်ပြီး ဗြောင်းဆန်သွားတတ်တယ်။ကလေးဂေဟာတွေ အများကြီးကနေ ငြင်းပယ်ခံရတယ်။အဲဒီကလေးမလေးကို ကလေးသူငယ်စောင့်ရှောက်ရေးကလူတွေ အထူးသဖြင့် သူ့ကို ဂေဟာလိုက်ရှာပေးရတဲ့အမျိုးသမီးရယ်။သူတို့ဆီမှာ ရှိတတ်တဲ့ School Escort လို့ခေါ်တဲ့ကျောင်းအကြိုအပို့လုပ်ပေးရတဲ့ အစောင့်ရယ်သူ့မွေးစားအမေတယောက်ရယ် ပူးပေါင်းပြီး ကူညီဖို့ ကြိုးစားကြပုံတွေအကြောင်းပါပဲ။ဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် ကလေးတယောက်ရဲ့ စိတ်ဒဏ်ရာတွေ ။သူတို့ကို အလိုရှိစေချင်တဲ့သူက သူတို့ကို မလိုချင်တဲ့အခါမှာဘယ်လောက်ထိ ရိုက်ခတ်မှုပြင်းထန်တာတွေ။ကလေးငယ်စဉ်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေက ဘဝတလျှောက်ဘယ်လောက်ထိ လွှမ်းမိုးနိုင်တာတွေ သေချာကို ရိုက်ပြထားနိုင်လို့ကြည့်သင့်တဲ့ကားလေးတကား။ကြည့်ရတာ အလဟသ မဖြစ်စေမယ့် ဇာတ်ကားလေး တကားကို တင်ဆက်ပေးလိုက်ပါတယ်

https://drive.google.com/file/d/1OOEkXdNOjvR6uATCZDaJz-BTQ9J0_H2S/view

https://drive.google.com/file/d/1OOEkXdNOjvR6uATCZDaJz-BTQ9J0_H2S/view

https://drive.google.com/file/d/1OOEkXdNOjvR6uATCZDaJz-BTQ9J0_H2S/view

Post a Comment

0 Comments