၂၀၂၀ ထွက် crime ရုပ်ရှင်ဇာတ်ကားလေးပါ။ လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ အဆင်မပြေတဲ့ ရောဂါဖြစ်နေတဲ့
လူငယ်လေးဘရောင်းလီ ဟာဆိုရင် ဟိုတယ်တစ်ခုမှာအလုပ်လုပ်နေပါတယ်။ ဟိုတယ်ကလူတွေကလည်းသူ့ရောဂါကိုနားလည်ပေးပါတယ်။ ဘရောင်းလီဟာ သူ့ရောဂါကို သက်သာကောင်းမွန်တိုးတက်လာဖို့အတွက်လူတွေကိုကြည့်ပြီးသင်ယူပါတယ်။ သူ့ရဲ့သင်ယူပုံကနည်းနည်းတော့ ကသိကအောက်ဖြစ်စေမယ်ထင်တယ်။ဟိုတယ်ကအခန်းတွေမှာ စီစီတီဗွီတပ်ပြီး ဟိုတယ်မှာနေခဲ့လူတွေရဲ့ အပြုအမှု အနေအထိုင်ကို ကြည့်ပြီးသင်ယူတာပါ။ ဒီအထိက ဘာမှစိတ်ဝင်စားစရာမဟုတ်သေး . တကယ့်စိတ်ဝင်စားစရာက အဲ့နောက်ပိုင်းကနေစတော့တာပါပဲ ။ ဟိုတယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြီးအကျယ်သော ကိစ္စတစ်ခု . အဲ့ကိစ္စကိုတော့ မူဗီထဲမှာကြည့်ပါ။မင်းသားကိုလည်း သိကြမယ်ထင်ပါတယ် Tye Sheridan ပါ သူ့ရဲ့သရုပ်ဆောင်ပိုင်မှုတွေကတော့ ပိရိသေသပ်ပါတယ်။ဒီကားထဲမှာလည်း စိတ်ဝင်စားစရာအဖြစ်အပျက်တွေကိုတွေ့မြင်ရမှာမို့ဆက်လက်ကြည့်ရှုကြပါကုန်။
https://drive.google.com/file/d/1MLkzmS9QYJ3mws4soqSFwdBwf0oWxQuD/view
https://drive.google.com/file/d/1MLkzmS9QYJ3mws4soqSFwdBwf0oWxQuD/view
https://drive.google.com/file/d/1MLkzmS9QYJ3mws4soqSFwdBwf0oWxQuD/view

0 Comments